အီတိုး မက်ဆီ တို့၏ သွင်းဂိုးများနှင့် ရီးရဲမက်ဒရစ်အား ဘာစီလိုနာ အနိုင်ရရှိခြင်း
ကင်မရွန်းသား ဆင်မြူရယ် အီတိုးရဲ့ ၈၃ မိနစ် သွင်းဂိုးနှင့် အတူ ရီးရဲမက်ဒရစ် နည်းပြကြီး ရာမို့စ် ရဲ့ ပထမဆုံးပွဲဟာ ရှုံးနိမ့်မှုနဲ့ အစပြုခဲ့ရပါတယ်… မိနစ် ၇၀ မှာ ရရှိတဲ့ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း အီတိုးဟာ ဒီပွဲရဲ့ အဆုံးအဖြတ် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်… အဲဒီနောက် မှာ မိနစ် ၉၀ မက်ဆီရဲ့ သွင်းဂိုးနဲ့ အတူ ရီးရဲ ပူပူနွေးနွေး နည်းပြကြီးဟာ အရှုံးနဲ့ ရင်ဆိုင်သွားရတာ ဖြစ်ပါတယ်….
Friday, November 28, 2008
ပရိသတ်များအား လက်ဆောင်ပေးရန် အီဗရာ ဆန္ဒရှိ
တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဒါဘီပြိုင်ဘက် မန်စီတီးကို အနိုင်ရရှိရေးဟာ အရေးကြီးတယ်လို့ ပက်ထရစ်အီဗရာ က ၀န်ခံလိုက်ပါတယ်… ပြီးခဲ့နှစ်က ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ မန်ယူအသင်းဟာ မန်စီးတီးအသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရပါတယ်… ဒါကြောင့် အီဗရာဟာ ဒီနှစ်မှာတော့ မန်စီးတီးအသင်းကို အနိုင်ယူပြီး သူတို့ရဲ့ ပရိသတ်တွေကို လက်ဆောင်အဖြစ် အမှတ်သုံးမှတ် ပေးဖို့ မျှော်လင့်နေတာဖြစ်ပါတယ်…. တနင်္ဂနွေပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အရေးကြီးတဲ့ ပြိုင်ပွဲကြီးပါပဲ… ဒီပွဲဟာ ကျွန်တော်တို့သာမက အားပေးတဲ့ပရိသတ်အတွက်ရော၊ အသင်းအတွက် အလုပ်လုပ်ပေးနေကြတဲ့ လူများအတွက်ပါ အလွန်အရေးကြီးတဲ့ ပြိုင်ပွဲပါလို့ စကိုင်းစပေါ့ ကို အီဗရာက ပြောကြားခဲ့ပါတယ်… မန်စီးတီးဟာ ကျွန်တော်တို့အသင်းထက် ပိုမကောင်းဘူးဆိုတာကို ပြသဖို့ လိုအပ်တယ်… ပြီးခဲ့တဲ့နှစ်တုန်းက ၆ မှတ်ဆုံးရှုံးခဲ့တယ်.ဒါပေမယ့် ဆုဖလားကိုတော့ ရခဲ့တယ်… ပရိသတ်အတွက်ကတော့ မန်စီးတီးအသင်းကိုနိုင်တာဟာ လက်ဆောင်ကောင်းတစ်ခုပါပဲ လို့လည်း အီဗရာက ပြောကြားခဲ့ပါတယ်….
ဂျိုးကင်နီယာအား ရာသီကုန်အထိ နယူးကာဆယ်အသင်း ခန့်အပ်
နယူးကာဆယ်အသင်းဟာ ယာယီနည်းပြ ဂျိုးကင်နီယာကို မန်နေဂျာအဖြစ် ရာသီကုန်အထိ ခန့်အပ်ဖို့ကို အတည်ပြုလိုက်ပါတယ်… ကင်နီယာဟာ စက်တင်ဘာလမှာ အံ့အားသင့်ဖွယ် အသင်းမှ နုတ်ထွက်သွားတဲ့ ကီဗင်ကီးဂန်းနေရာကို ရောက်ရှိလာသူ ဖြစ်ပါတယ်… ဒီအိုင်းရစ်ရှ်လူမျိုးနည်းပြကြီးဟာ နယူးကာဆယ်ကို ၁လ စာချုပ်နဲ့ နည်းပြဖို့ ရောက်ရှိလာသူဖြစ်ပါတယ်… နော်တင်ဟမ်ဖော ရက်စ် နဲ့ ၀င်ဘယ်(လ်)ဒန်ဆသင်းတို့ကို နည်းပြခဲ့တဲ့ သူ့ကို နယူးကာဆယ် ကစားသမားအများစုကလည်း ဆက်လက်နည်းပြဖို့ အလိုရှိနေကြပါတယ်… အခုလက်ရှိမှာတော့ နယူးကာဆယ်အသင်းပိုင်ရှင် အက်ရှ်လေဟာ ကလပ်အသင်းကို ပိုင်ရှင်အသစ်တွေလက်ထဲ ရောင်းချဖို့ ပြင်ဆင်နေပါတယ်…
Sunday, September 7, 2008
ချယ်(လ်)ဆီးလူနာသစ် အက်ဆီယန်
ချယ်(လ်)ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မိုက်ကယ်အက်ဆီယန်ဟာ သူရဲ့ မိခင်နိုင်ငံ ဂါနာအသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်… လစ်ဗျားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ သူဟာ ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်… ဒီသတင်းဟာ လူနာစာရင်းတွေ များပြားနေတဲ့ ချယ်(လ်)ဆီးအသင်းအတွက်တော့ အတော်ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်…
ခန့်မှန်းချက်တွေအရ လေးပတ်လောက်အထိ နားရမယ်လို့ သိရပြီး စက်တင်ဘာ၂၁ ရက်နေ့မှာ ကစားရမယ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်… ချယ်(လ်)ဆီးအသင်းရဲ့ ဆေးအဖွဲ့ကတော့ ဒီအပတ်ထဲမှာ အက်ဆီယန်ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်… အက်ဆီယန်ကတော့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ‘ ဒီဒဏ်ရာက ပြင်းထန်ပါတယ်… ဒါပေမယ့် ကျွန်တော် မကြာခင်မှာ အဆင်သင့်ဖြစ်မှာပါ ’ လို့ စကိုင်းစပေါ့ ဒေါ့ ကွန်း ကို ပြောကြားခဲ့ပါတယ်…
Monday, September 1, 2008
ဘာဘာတော့(ဗ်) မန်ယူသို့ ရောက်ပြီ
စပါးမှ ဒီမီတာ ဘာဘာတော့(ဗ်)ဟာ နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၃၀.၇၅ သန်းနဲ့ ရောက်ရှိခဲ့ပါတယ်… အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖရိုင်ဇာ ကမ်းဘဲ(လ်)ဟာ စပါးကို ရာသီကုန်တဲ့အထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်… ဒီဘူဂေးရီးယန်းသားကို မန်ယူမန်နေဂျာ ဖာဂူဆန်ဟာ သူ့အသင်းကို ဒီနှစ်မှာ တိုက်စစ်မြှင့်ဖို့အတွက် အတော်လေးစိတ်ဝင်စားခြင်းခဲ့ပါတယ်… တနင်္လာနေ့ ဆေးစစ်မှုအပြီးမှာတော့ ဘာဘာတော့(ဗ်)ဟာ မန်ယူအသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်
မန်စီးတီးအသင်းသို့ ရော်ဘင်ဟို ပြောင်းရွှေ့ပြီ
အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်အသင်းက ရီးရဲက ရော်ဘင်ဟိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၂.၅ မီလျံ နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်…ဒီဘရားဇီးသားဟာ ရီးရဲမက်ဒရစ် နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်ပြီးတော့နောက်မှာ ရီးရဲကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ ယူဆရပါတယ်.. သူဟာ ချယ်(လ်)ဆီး အသင်းကို ပြောင်းချင်တယ်လို့ ပြောကြားခဲ့ပြီးမှ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်… မက်ဒရစ်မြို့မှာ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ ကလပ်သတင်းစာရှင်းလင်းပွဲမှာတော့ ချယ်(လ်)ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ရီးရဲမက်ဒရစ်ကနေ ထွက်ခွာချင်တယ်လို့ ပြောကြားခဲ့ပါတယ်..
Friday, August 29, 2008
expr:id='"post-" + data:post.id'>ယူရို၂၀၀၈ ရွှေဖိနပ်ဆု နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးကစားသမား
ရွှေဖိနပ်ဆု
ဒေးဗစ်ဗီလာ(၄ ဂိုး)
ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမား
ဇာဗီ
No comments:
Post a Comment